အပ်သုံးချေင်းညား အတွေးသမား

|


ကျွန်တော်သည် အလွန်တွေးသော အတွေးသမားဖြစ်သည်။ အတွေးတွေနယ်ချဲ့ကြစတမ်းဆိုလျှင် ကျွန်တော်သည်သာ ချန်ပီယံဖြစ်လိမ့် မည်။ တကယ့်လက်တွေ့မှာတော့ ဘာဆိုဘာမှဖြစ်မလာ အချိန်တွေသာတစ်ရွေ့ရွေ့ကုန်ဆုံးပြီး လူပျိုထီးထီးကြီးအရွယ် ရောက်၍ရောက်မှန်း
မသိ ရောက်လာသည်။ ကျွန်တော်သည် အိမ်သားများထဲ၌ အငယ်ဆုံးဖြစ်သည်။

ကျွန်တော်၏ ရုပ်ရည်မှာလည်း မဆိုးဘူးလို့ ပြောရမည်။ ချောသည် ခန့်သည် သန့်သည်။ ကောင်မလေးတွေကို ရည်းစားစကားလိုက်ပြောတိုင်း ပါး ချည်းအရိုက်ခံရသည်။ သည်လိုနှင့်တစ်နေ့ ကျွန်တော်ကြိုက်မိသည့် ကောင်မလေးရဲ့အိမ်ကို အလည်သွားသည်။ ကောင်မလေးကို သွားငန်းလိုက် တာ မနက်ကနေ မိုးချုပ်အထိ။ မိုးချုပ်မှအိမ်ပြန်သည်။ အိမ်ပြန်တယ်လို့သာပြောရသည် စိတ်ကဟိုအိမ်မှာ။ ကျွန်တော်သည် အတွေးသမားဆို သည့်အတိုင်း ဟိုက ကောင်မလေးက မဟုတ်ကဟုတ်ကနှင့် မြှောက်ပေးလိုက်သည့် စကားလုံးလေးတွေ ရင်မှာပီတိလေးတွေဖိုလို့ပေါ့။ အဲ့ဒီလိုတွေးရင်း အပြုံးလေးနဲ့ပြန်လာသည့် ကျွန်တော့်ကို ဘယ်ချိန်တုန်းကများစောင့်နေမှန်းမသိ ကျွန်တော့်အမကြီးက မျက်နှာပုတ်ကြီးနှင့် ကျွန်တော့်ကို စောင့်ကြိုနေသည်။ အောင်မေလေး..သူ့မမျက်နှာကြီးက ခုနှစ်ရက် ဆင်သေကောင်ကြီးအလား ပုတ်သိုးသိုးကြီးနှင့် ကြိုဆိုလိုက်သည်မှာ... ဟေ့ ငခဲ.. ဒါ... ဘယ်ကပြန်လာလဲ တဲ့။

မမျှော်လင့်သည့်မေးခွန်းမို့ ရုတ်တရက် ကျွန်တော်လန့်သွားသည်။ အောင်မလေး.. လန့်လိုက်တာ အမကလည်း ကျွန်တော်..ဟိုက အိုက်ပီးတို့ အိမ်ကလေဟု ဖြေမိဖြေရာ ဖြေလိုက်သည်။ အဲ့ဒီလိုဖြေပြီး ကျွန်တော့်က ကိုယ့်ကိုမလုံမလဲနှင့် အမကိုကျော်ဖျက်၍ ခြံဝင်းထဲရှောက်လာသည်။ အမကြီးက ကျေနပ်ဟန်မတူပဲ ကျွန်တော့်နောက်ကို ရစ်တစ်တစ်ပါလာသည်၊ ပြီးတော့ အောင်မာ..ဟန်ဆောင်အတော်ကောင်းတဲ့ ကလေးပဲ၊ ငါမသိ ဘူးများ မှတ်နေလား၊ ဟိုကောင်အိုက်ပီးက လာပြောသွားတယ် နင်က ဟိုအိမ်က မည်းလုံးကြီးကို တစ်နေကုန်ထိုင်ငေးနေတယ်တဲ့..ဟုပြောလိုက်သည်။ အောင်မလေးဗျ မိတ်ဆွေတို့ရယ် ကယ်ပါအုန်း ခုဟာက အပေါ်ယံကိုရှပ်သွားတာမဟုတ်ဘူးဗျ၊ အရှိုက်တည့်တည့်ကိုထိသွားတာပါခင်ဗျား။

အင်း...အိုက်ပီး အိုက်ပီး... ခွင့်ကောင်းတုန်းယူထားပေါ့ဟူ၍သာ...


မှတ်ချက်- ဆက်ရန်ရှိသေးသည်။ သို့သော် မကြိုက်လျှင် ဆက်ရေးမည်မဟုတ်ပါ။

*စာရေးသူ၏ ခွင်အားသည် ဖတ်သူမှာရှိသည်။

စိုင်းလင်းတိုင်း

-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB