အပ်သုံးချေင်းညား အတွေးသမား အပိုင်း၂

|

ဒီနေ့ကျွန်တော် အိပ်ရာမှ အစောကြီးထသည်။ စောစောစီးစီး မထစဖူး အထထူးမို့ မေမေက အံ့သြနေသည်။ မေမေကပြောသည် `ငါ့သားလေး လိမ်မာလာပြီတဲ့၊ ကြည့်ကြည့်အုန်း ခုမှ ၉နာရီပဲရှိသေးတယ် တဲ့။ ဟိုတစ်နေ့ကလက်ဆော့လွန်သွား၍ `အပ်သုံးချောင်းငြား အတွေးလွန်သမား` ဆိုသည့် ဇာတ်းလမ်းလေးကို ခပ်တည်တည်နဲ့ ဘလော့ထဲထည့်လိုက်တာ ခုမှခြေမကိုင်မိ လက်မကိုင်မိ အခက်တွေ့နေသည်။

အဘယ်ကြောင့်ဆိုသော် ဇာတ်လမ်းကမပြီးသေး ဆက်ရေးဖို့ သူငယ်ချင်းတွေကို ကတိပေးထားသည်။ သို့ပေမယ့် ဒီနေ့ကျမှ ခေါင်းကအလွန်ကိုကိုက်ခဲနေ သည်။ ရေးစရာအကြောင်း အရာတွေလည်း ဘယ်ဆီဘယ်ဝယ်ရောက်၍ရောက်သွားမှန်းမသိတော့ပါ။ ဒီနေ့တစ်နေကုန် ဖီလင်က လုံးဝကိုမနိုက်စ်ဘူး ဖြစ်နေသည်။ ကတိပေးထားပြီးမို့ ပြန်၍ပြင်ဖို့က မဖြစ်နိုင်။

သို့နှင့် ကျွန်တော်သည် အိမ်အောက်ဆင်းသွားပြီး အိမ်ကိုဆယ်ပတ်လောက် ပတ်ပြေးပစ်လိုက်သည်။ အဲ့ဒီအခါကျမှပဲ ဟိုအကြောင်းဒီအကြောင်းတွေ နည်းနည်းတွေးနိုင်လာသည်။ ဒီလိုနှင့် ကျနော်သည် ကွန်ဗျူတာရှေ့ ဒုတိယအကြိမ် ၀င်ထိုင်၍ ရေးချလိုက်သည်ကား ဤသို့ဖြစ်သည်-

နောက်နေ့တွေမှာ အိုက်ပီးက ကျွန်တော်နှင့် လုံးဝအတွေ့မခံ သူ့ခများကြက်ကြောက် ကြောက်သည့်အတိုင်း ဟိုပုန်းဒီဝပ်နဲ့ ပုန်းရှောင်နေရတာ နောက်မှာများ ကျနော်စိတ်အသိက သူ့ကိုသနားလာမိသလိုဖြစ်သွားသည်။ အမှန်ဆိုလျှင် လူသတ်သည်ကိုမပြောနှင့် ရန်ဖြစ်ရမည်ကို ကြောက်ချီးတုန်နေ သည့်လူ၊ ဟိုဖက်အိမ်က ယောကျားလိုလို မိမ္မလိုလို နပုံးလိင်ကိုတောင် နိုင်တဲ့လူမဟုတ်ပါ။ ကျွန်တော်တို့ရဲ့ အိမ်ကလေးသည် ရွထဲ၌အလှဆုံး အတင့်တယ်ဆုံးဟု လူတွေချီးမွမ်းလို့မဆုံးပါ။

ဘယ်လောက်တောင်များ လှပြီးသာယာသည့်အိမ်လဲလို့ အကယ်၍တစ်စုံတစ်ယောက်ကမေးလျှင် အဖြေမှာရှင်းရှင်းလေးပါ။ ခွေးလိုက်ကိုက်လို့ ဟိုတောကြီးမျက်ရှည်တောထဲ အားကုန်အသက်လု ပြေးသွားသည့်အတိုင်းပဲ သွားရာလမ်းကြောင်းကိုရှင်းလို့…။

ကျနော်တို့အိမ်ဆို အလင်းရောင်အမြဲတမ်းရသည် မီးထွန်းရန်သိပ်မလို လမိုက်ညကလွဲလို့။ အိမ်၏ညာဖက်ခြမ်းမှာ ကြက်ခြံလေးတစ်ခြံနှင့် ၀က်လေး သုံးကောင်မွှေးထားသည်။ ဘေဖက်ခြမ်းမှာ နွားမတစ်ကောင်နှင့် ကျနော့်အချစ်တော် ကျွဲထီးလေးတစ်ကောင်တို့ကို သူ့ခြံနှင့်သူခွဲ၍ထားသည်။ အိမ်၏နောက်ဖက်က ကြက်သွန်၊အာလူးစသည့် ဟင်းသီးဟင်းရွက်လေးတွေ ကိုစိုက်ပျိုးထားသည်။ ကျနော်လက်ရာတော့မဟုတ် မေမေနှင့် အမကြီးတို့စိုက်ထားခြင်းဖြစ်သည်။

အဲ့ဒီစိုက်ပျိုးခင်းတွေ ပျိုးနေချိန်ဆို ကျနော်က ညောင်းတယ်ကိုက်တယ်ဆိုသည့် အကြောင်းပြချက်မျိုးမျိုးနှင့် လှည့်ပတ်ကာအိပ်ရာထဲ လဲနေခဲ့သည်။ တစ်နေ့ ဟိုဖက်အိမ်က ကျနော့်၏ အဒေါ်တော်စပ်သူ ဒေါ်လက်သန် အိမ်ရောက်လာသည်။ ပြောလျှင်ယုံမည်မဟုတ်ပါ။ လက်သန်ချက်ကတော့ ပြောင်သည်။ ဟိုတစ်နေ့က ဟိုဖက်ရွာက မအူမလည်နှင့် ကျွန်တော်တို့ရွာကို ရောက်လာသည်။ ကျွန်တော့်အမကြီးက အပျိုကြီးခင်ဗျား။ ချောသည် လှချက်ကတော့ ကမ်းကုန်သည်။ ဘယ်လူဘယ်သူ ဘယ်ယောကျားမှ စိတ်မ၀င်စားပါ။ အဲ့ဒီမအူမလည်နှင့် လမ်းတလားပြီးရောက်လာသည့်
ဟို အကောင်သုံးယောက်က အမကြီးကို `အပျိုကြီး အပျိုးကြီး နောက်မှီးကင်းကာရယ် လာတောင်းဖို့ မေမေတို့ကလွှတ်လိုက်တယ်၊ တွေ့လည်တွေ့ငြား အနားကိုတောင်ဖြတ်မသွားချင်တယ် နမ်လို့` တဲ့။ အမကြီးနဲ့အတူတူ လမ်းရှောက်သွားတဲ့ အဒေါ်ကြီးလက်သန်က ရုတ်တရက် ဟို လမ်းဘေးအိမ်က ခြံစည်းရိုးမပြီးမပြတ်နှင့် စိုက်ထားသည့် ၀ါးလုံးအသစ်ချွတ်ချွတ်ကြီးကို လမ်းဆွဲနုတ်ကာ နရင်းတည့်တည့်ကိုရိုက်ပစ်လို့ ဟိုက အကောင်သုံးကောင် ပြေးလိုက်ရတာ ခွေးထက်မြန်တယ်ဟု ထင်သည်။ ကျွန်တော့်အဒေါ်က အဲ့ဒီလောက်လက်သန်တာခင်ဗျား။ ကျွန်တော်က အမေကို ခပ်သွက်သွက်ဖြင့် `မေမေ အဒေါ်သန်ရောက်နေတယ်ဟု လှမ်းအကြောင်းကြားလိုက်သည်။ အဒေါ်က ဟင်..နင်ကတော့နော် ငါလုပ်လိုက်ရ.. လက်ကဘယ်ရောက်သွားတာလဲ၊ လက်သန်ဆို လက်သန်လို့ပြောပေါ့တဲ့။ အဲ့လေ..အဒေါ်လက်သန်ရောက်နေတယ်ဟု ကျွန်တော်ပြန်ပြောလိုက်သည်။ အဲ့ဒီအချိန်က အမကြီးက သူ့သူငယ်ချင်းအိမ်မှာ၊ အမေက မီးဖိုချောင်ထဲမှာ နေ့စာအတွက်ချက်ပြုတ်နေသည်မို့ မအားသေး၍ ကျနော်နှင့် စကားပြောပြီး ခဏစောင့်နေရန်လှမ်းပြောသည်။

ဒီလိုနှင့် အဒေါ်ကြီးလက်သန်က ကျနော့်တို့ရဲ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း အညွန့်အတက်အရွက်လေး ထိုးထိုးထောင်ထောင်လေး ဖြစ်နေသည့် စိုက်ပျိုးခင်းလေးကို အတော်ကြာငေးကြည့်ရင်း ကျနော့်ကို လှမ်းမေးသည်။ ဟေ့...မောင်ခဲ ဒါ..ဘယ်သူစိုက်ထားလဲလို့မေးသည်။ ကျနော်သည် အမကြီးကိုလည်းကြောက်ရတာမို့ ဘယ်ညှာပြန်လှည့်နေရသည် အဒေါ့်ကိုအဖြေမပေးနိုင်သေး။ ဟေ့...နင်ဘာဖြစ်နေတာလဲ မေးတာကိုမဖြေ ဘူး၊ဟိုလှည့်ဒီလှည့်နဲ့ ခွေးတစ္ဆေကြောက်နေသလိုပဲဟု အဒေါ်၏ငေါက်ငန်းမှုခံခဲ့ရသည်။

ကျနော်ကဟိုဒီကြည့်ပြီး စိတ်ချရပြီဆိုကာမှ အဒေါ်ကို `ဘာမှမဟုတ်ပါဘူခင်ဗျား ဟို...ကျွန်တော့်ကျွဲလေး ပြန်လာပြီလားလို့ ကြည့်နေတာ။ အဒေါ်ခများမသိရှာပါ။ `ဟုတ်ကဲ့. ဒီကြက်သွန်တွေ၊ အာလူးတွေကိုစိုက်တာ ကျနော်နှင့်မေမေပါဟုဖြေလိုက်သည်။ မထင်ပေါင်ဗျာ. ကျနော့် အမကြီးက ဒီလောက်မြန်မယ်မှန်း တကယ်ကိုမထင်မိခဲ့ပါ။ ကျနော်နောက်မှာ မတ်သပ်ရပ်ကြီးနှင့်။ အောင်မလေးဗျ သရဲဟု မအော်မိရုံတစ်မယ်ပါ။

အမှာ။ ။
မပြီးသေးပါ။ ကြိုက်သော သူငယ်ချင်းများ မျှော်။ မကြိုက်သည့်သူများ ကျော်။
*စာရေးသူ၏ ခွင်အားသည် ဖတ်သူမှာရှိသည်။

စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB