နေချင်ပါသည် အမေ့ရင်ခွင်

|


ကြားဖူးပါသည် အမေ..
ဒီလောကမှာ အနွေးထွေးဆုံးရင်ခွင်ဆိုတာ
နှစ်ခုပဲရှိပါသတဲ့ အမေ။
အမေ..
ချစ်သူ့ရင်ခွင်ဟာ
သိပ်ပြီးနွေးထွေးပါသတဲ့ အမေ။
အဲ့ဒီထက်ပို အနွေးထွေးဆုံးရင်ခွင်ဆိုတာ
အမေ့ရင်ခွင်ပါသတဲ့ အမေ။
သားဘ၀မှာ အမေ့ရင်ခွင်ဆိုတာလည်းလေ
မသိတတ်စ အရွယ်ကခွဲလာရတာမို့
အေးလားပူလားမှန်းမသိ ဒီအရွယ်ဒီချိန်ထိ
တိတိကျကျသားမသိသေးပါ အမေ။
အမေ..
အခွင့်ကြုံလို့ အနွေးထွေးဆုံးဆိုတဲ့
မေမေ့ရဲ့ရင်ခွင်မှာ ခဏသာဖြစ်ဖြစ်
မှေးစက်ခွင့်ရချင်ပါသည် အမေ။
အမေ..
သားဘ၀မှာ ဂုဏ်ပကာသနကင်းမဲ့လို့
ချစ်သူ့ရင်ခွင်ဆိုတာ မျှော်မှန်းမရဲပါ အမေ။
အမေ..
ဒီဘ၀မှာ မေမေ့ရင်ခွင်သည်သာ
အတမ်းတဆုံးရယ်မို့
လေမိုးနေဒဏ် ကြံ့ကြံ့ခံရင်း
မေမေ့ရှိရာသို့ သားရောက်လာမည်
နေချင်ပါသည် မေမေ့ရင်ခွင်ထဲ။

စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB