ဂျပန်တွေ ကျွဲထက်ကြီးလိမ့်မည်

|

ကျွန်ုပ်တို့ရွာမှာ ဂျပန်တွေပစ်ချခဲ့သည့် ဗုံးအကြွင်းအကျန်ကြီးတစ်လုံးရှိသည်။ အဲ့ဒီဗုံးကြီးကိုသံ ချောင်းခေါက်အချက်ပေးသံအဖြစ် ရွာ၏ အခြေပြုမူလတန်းကျောင်းဝင်ထဲမှာထားသည်။ ဒီသံချေင်းကြီးရဲ့အသံဟာ အတော့်ကိုကျယ်လောင်သည်။ ခေါက်လိုက်လျှင် တစ်ရွာလုံးကြား ရသည်။ ဒီဟာကြီးကို မနက် ၈နာရီမှာတစ်ခါ၊ မွန်းလွဲ ၁၂နာရီမှာတစ်ချက်၊ ညနေ ၄နာရီမှာတစ်ကြိမ်ဆိုပြီး တစ်နေ့လျှင်သုံးကြိမ်ခေါက်သည်။
အကျွန်ုပ်တို့ရွမှာဆိုလျှင် ပဌမသံချောင်းခေါက်သံကြားလျှင် မနက် ၈နာရီထိုးပြီပေါ့၊ ဒုတိယခေါက်သံကြားလျှင် ၁၂နာရီ၊ နောက်ဆုံးခေါက်သံကို ညနေ ၄နာရီရှိပြီး မိုးချုပ်ပြီဟု သိနေကြသည်။

ထို့ကြောင့်လည်းပဲ ရွာသူရွာသားများသည် နာရီမရှိကြ၊ ၀ယ်လည်းမ၀ယ်ကြ၊ ၀ယ်ဘို့လည်းမလိုပါ။ ကျွန်ုပ်တို့ဆီမှာ နာရီဈေးကမြှင့်သည်။ ဈေးကြီးသည်။ နာရီဝယ်တပ်မည့်အစား ၀က်သားဟင်းဝယ်စားတာက ပို၍ကောင်းမည်ဟု ယူဆကြသည်။ ဒီလိုနှင့်တစ်နေ့ ရွာမှာအပြေး ပိုင်ပွဲလေးတစ်ခု ကျင်းပသည်။ ဒီလိုပွဲမျိုးသည် တစ်နှစ်မှာတစ်ခါသာကျင်းပတာမို့ တော်တော်လေးစည်ကားသည်ဟု ပြောရမည်။

ကျွန်ုပ်ကား အပြေးပြိုင်ခြင်းကို စိတ်မ၀င်စားပါ။ ကျွန်ုပ်စိတ်ဝင်စားမိနေတာက အဲ့ဒီအသံကျယ်လောင်လှသည့် သံချောင်းကြီးဖြစ်သည်။ ကျွန်ုပ်သည် ပွဲထဲကို ရောက်လျှင်ရောက်ချင်း သံချောင်းကြီးရှိရာသို့ တန်းလစ်သွားသည်။ အဲ့ဒီဟာကြီးရဲ့ရှေ့မှာ ထိုင်တစ်ခါ ထတစ်လှည့်နှင့် တွေးချင်တိုင်းတွေး၍ ကိုယ်ပိုင်သုတေသန ပြုလုပ်နေသည်။

မကြာပါ ရွာသားသုံးယောက် ကျွန်ုပ်၏နောက်မှာလာရပ်ပြီး သံချောင်းကြီးကိုကြည့်နေသည်။ သူတို့လည်း ကျွန်ုပ်ကဲ့သို့ စိတ်ဝင်နေပုံရသည်။ အဲ့ဒီအချိန်မှာ သူတို့သုံးယောက်ထဲကတစ်ယောက် “ဒီဟာကြီးက အသံသိပ်ကျယ်တာဗျ၊ သိလား.. ဘယ်ကယူလာတယ်လို့ထင်လဲ”ဟု စကားစ`ပြီး ပြောလိုက်သည်။ ဒုတိယလူကပြောသည် “ကျနော်သိတယ် ဒီဟာကြီးကို ဂျပန်တွေက သယ်လာတာဗျ၊ မြို့အထိသယ်သွားမလို့ပဲ ဒါပေမယ့် ဒီဟာကြီးက သိပ်လေးနေတော့ မြို့အထိမရောက်ပဲ ဒီရွာမှာတင် ပစ်ချလိုက်တာလေ၊ တွေ့ဘူးလား တို့ရွာရဲ့ဘုန်းကြီးကျောင်းနောက်မှာ ဗုံးကြွင်းကြီးတစ်ခုရှိ တယ်ဗျ”။ ‘ဟုတ်ပါ့ ကိုယ့်လူရယ်’ဟု တတိယတစ်ယောက်က ထောက်ခံချက်ပေးလိုက်သည်။ ပြီးတော့ သူကဆက်ပြော လိုက်ရာမှာ “ ဒီဟာကြီးကိုသယ်လာတဲ့ ဂျပန်တွေဟာ အိမ်ကကျုပ်ရဲ့ ကျွဲကြီးထက်ကြီးလိမ့်မယ်ဗျ” ဟူ၍ဖြစ်သည်။

ရွာမှ ကျောက်ခဲလေးတစ်လုံး
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB