ဒီဆောင်းတစ်ည

|


ပူအိုက်လွန်းတဲ့ရာသီမှာ ပူတယ်ဆိုပြီး
ငြီးငြူတတ်တာ ၀ါသနာနဲ့ အကျင့်တစ်ခုပါ။
ခုဆိုတော့လည်း မျှော်ကြည့်လေတိုင်း
အရပ်ရှစ်မျက်နှာမှာ မိုးနတ်ဒေ၀ါက
နှင်းပွင့်လေးတွေကို ခါချလိုက်တဲ့အတိုင်း
မြူနှင်းတွေအုန့်ဆိုင်းလို့ ခိုက်ခိုက်တုန်
အောင်ချမ်းတယ်။
ဒီဆောင်းတစ်ညတော့ မင်းကိုလွမ်းလို့
မ၀နိုင်အောင် စိတ်၏ကြံဆောင်မှုက
လှုပ်နိုးရင်း မပျင်းနဲ့ထလို့ပြောနေသလို
အိပ်ရာထက်မှာ အလွမ်းတွေပိုရင်း
ရင်ထဲကဟာလာဟင်းလင်းနဲ့
ဆောင်းတွင်းညဥ့်ငှက်၏ တေးဆိုသံ
ကိုယ့်ကိုလွမ်းအောင်ဖန်နေရော့လားကွယ်။
အော်...အေးရယ်... မိုးမှာပိတောက် နှင်းချိန်ရောက်မှ
ချယ်ရီလေးတွေ ပွင့်တတ်ကြတယ်ကွယ်၊
ခုတော့လည်းလေ မြင်ခွင့်မရှိတဲ့မျက်နှာလေးကို
မှန်းဆကာရယ် မောင့်မှာတော့လေ
အလွမ်းတွေသယ်ရင်း ချစ်ခြင်းဆိုတဲ့
မေတ္တာရေစမ်း မွှေးကြိုင်လှတဲ့
မောင့်ချစ်ပန်းသည်းနှလုံး ချိုသာတဲ့မောင့်အပြုံးလေးတွေ
လူကြုံနှင်းပွင့်လေးကိုအမှာပါးလို့ တို့တစ်တွေဝေးနေတုန်းမှာ
မောင်ဟာမိုးအသွင်အဖြစ်နဲ့ မယ့်ပိတောက်ဖြစ်ချိန်မှာ
မိုးရေလေးဖြန်းပေးလိုက်ချင်တယ်။
ဆောင်းအဖြစ်နဲ့လည်း မယ့်က ချယ်ရီအသွင်ပြောင်းတိုင်း
ကိုင်းဖျားပွင့်ငုံခြေစုံအထိ နှင်းပွင့်ရေလေးတွေနဲ့
စိုစွတ်ပေးလိုက်ချင်တယ်။
ဒီဆောင်းတစ်ညတော့ အိပ်စက်ခွင့်လေး
ပေးလှည့်ပါကွယ်။

*ရေးသူ၏အင်အားသည် ဖတ်သူ၌ရှိသည်။
ခင်မင်စွာဖြင့်
စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB