တော်ပါသေးရဲ့

|

ချစ်တာချစ်တယ် နွံနှစ်နေတဲ့ချစ်သူကို
ဘယ်လိုကူရမှန်းမသိ၊ ဆင်းကူလိုက်ရင်
နှစ်ယောက်လုံးပင် ကြွမှာသေချာတယ်၊
အချစ်အတွက် အသက်ပေးတယ်ဆိုတာ
ဒီနေရာမျိုးကိုခေါ်တယ်ထင်၊ လူတွေကို
ဝိုင်းကူဖို့ ငါအော်ပြောတယ် သူတို့တွေ
တုတ်တုတ်မျှမလှုပ် အဝေးမှသာ
အော်ပြောတယ် ကြိုးနဲ့လှမ်းပေးလိုက်ပါလားတဲ့၊
တုတ်ရှည်ကိုလှမ်းပေးလို့လဲ အော်သူကအော်
ကျွန်တော့်နားမှာ ကြိုး/တုတ်မပြောနဲ့ ရှည်တဲ့
မျက်ပင်တောင်မှ ရှာမရ ရှားမှရှား
ဟိုတစ်နေ့က ကားကြီးတစ်စီး
တဖြေးဖြေးချင်း ရေထဲမြှုပ်သွားသည့်ပမာ
ချစ်သူလေးမှာ နွံအောက် ဖြေးဖြေး
ရောက်သွားတာ ဦးခေါင်းလေးပဲကျန်တော့တယ်၊
ကို့ယို့ကားယားနဲ့ငါ့အဖြစ် မိုးနတ်မင်းရယ်
မျက်လုံးတစ်ဖက်ကျန်နေသေးရင်
ငုံ့ကြည့်လိုက်အုန်း ငါ့မှာချစ်သူဆုံးရှုံးရတော့မယ်။
လုပ်မိလုပ်ရာ ဘောင်းဘီရှည်ကိုချွတ်လှမ်းအပေး
အားတောင့်ပါတယ်ဆိုတဲ့ကြားထဲ
ငါ့ခြေနှစ်စုံလုံးချော်ပြီး နွံထဲကျသွားတယ်
အမေ့ရယ်ရေလို့သာ အော်နိုင်ခဲ့ပြီး
သွားပါပြီ နင့်အချစ်ငါ့အချစ် နှစ်ချစ်စလုံးနွံနစ်ရပါပြီ
အချစ်ရယ်၊ တင်းထားတဲ့အင်အားများက
ကုန်ခန်းလို့သွား အသက်ပင်ရှုမရတော့ပြီ၊
ရှိရှိသမျှခွန်အားတွေ အကုန်ထုတ်လွှတ်ရင်း
ပိတ်နေတဲ့ရွှံ့နွံတွေကို ဖယ်ကာရုန်းအထ
သတိရပြိး လန့်အနိုးမှာ
အော်... ငါ့ကအိပ်လျက်ရင်းနဲ့ လက်သလုံးက
နှာခေါင်းကိုလာပိတ်လို့နေပါလား၊
ဟူး...တော်ပါသေးရဲ့။

မှတ်ချက်၊
အိပ်မက်ဆိုးကြီးကြောင့် လန့်နိုးပြီး ဒီလိုထ ရေးချလိုက်ပါသည်။ ကဗျာတော့ ဟုတ်မယ်မထင်ပါ :D ။ မှန်းမရ၍ ကဗျာလို့ နာမည်တပ်လိုက်ပါတယ် :D ။ ဘလော့မှာထည့်စရာ ရေးစာမရှိ၍ ထည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျန်သကာလို အပြုံလေးမျိုးနဲ့ အားပေးသွားပါခင်ဗျား။
ခင်မင်လျှက်..
စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB