ဒီတစ်ပတ် softwareကဏ္ဍကတော့ ကျနော်နှင့် ၀ါသနာချင်းတူတဲ့ အလှကြိုက်တတ်တဲ့ မိတ်ဆွေများအတွက်ကို အလွယ်ဆုံးsoftware သုံးပုံသုံးနည်းလေးတစ်ခုကို မေတ္တာလက်ဆောင် free gift အဖြစ်တင်ဆက်သွားပါမယ်။ နည်းနည်းလေးတော့ ကြိုတင်၍ပြောပြပါရစေ တတ်လို့
တော်လို့ မဟုတ်ရပါကြောင်းကိုပါ။ မှတ်မိသလောက်ကို ပညာဒါနအဖြစ်မျှဝေချင်လို့ပါ။
အဲ့ဒီsoftware နည်းစနစ်လေးဟာ လွယ်လွယ်လေးနဲ့ မှတ်မိနိုင်ပါတယ်၊ လွယ်လွယ်လေးနဲ့လည်း မေ့တတ်ပါတယ်။ များသောအားဖြင့် သိကြတတ်ကြပြီးသားပါ၊ ဒါပေမယ့် အတော်များများလဲ မသိကြမသုံးတတ်ကြသေးပါဘူး။
နည်းလေးကတော့ ဒီလိုဒီလိုပါ…
မိတ်ဆွေတို့မှာ USB(flash memory), memory-card လေးတစ်ခုခု ဒါမှမဟုတ် hard driver(removable) တစ်ခုခု ရှိကြမယ်ထင်ပါတယ်။
အဲ့ဒီထဲက တစ်ခုခုကို icon ပုံစံလှလှလေး ပြောင်းချင်တယ်ဆိုပါစို့၊ ဒီလို icon လေးတွေရှိထားရပါမယ်။ Icon လေးတွေနှင့်မှ လုပ်ရပါ တယ်။ မရှိရင် google ထဲဝင်ပြီး icon လို့ရေးပြီးရှာရပါတယ်။ ပြီးလျှင် download သိမ်းထားပါ။ မိတ်ဆွေတို့ download ထားတဲ့ iconတွေ zip file ဖြစ်နေလျှင် လက်ကိုင် mouse ကို left click နှိပ်လိုက်ပြီး extract files ဆိုတဲ့စာတမ်းလေးကိုနှိပ်
ပါ၊ ပြီးရင် ok ကိုသာဆက်နှိပ်လိုက်ပါ folderအသစ်ပေါ်လာလိမ့်မယ်၊ လိုချင်တာကအဲ့ဒီfolderထဲက iconပုံတွေပါပဲ။ ဒါဆိုရင် အလုပ် ဖြစ်ပါပြီ။
ကဲ့ဗျာ စမ်းလုပ်ကြည့်ရအောင်-
၁. အစီအစဉ်အရ မိတ်ဆွေရဲ့ usb လေးကို computerနဲ့ joyလိုက်ပါ
၂. အစီအစဉ်အရ start ကိုသွား၊ run…ကိုနှိပ်ပါ၊ notepad လို့ရေးပြီး okနှိပ် notepadစာမျက်နှာပေါ်လာမယ်
၃. အစီအစဉ်အရ အဲ့ဒီ notepad အပေါ်မှာ ဒီလိုချရေးရပါတယ်
[autorun]
Label=””
Icon=””
၎. အစီအစဉ်အရ my computer ကိုဖွင့်၊ နာမည်ပြောင်းချင်လျှင် စောစောက joy ထားတဲ့ usb(flash memory) folderရဲ့ နာမည်ကို တိတိကျကျမှတ်သားထားပါ။ အဲ့ဒီနာမည်ကို Label=”” ဆိုတဲ့နေရာမှာ ကော်မာနှစ်ခုကြားထဲကို ရေးထည့်လိုက်ပါ။ ပုံစံ Label=”maungmaung” ပီးရင် စောစောတုန်းက download သိမ်းဆည်းထားတဲ့ iconရဲ့ နာမည်ကိုမှတ်ထားပြီး သို့မဟုတ် copy ယူ လိုက်ပြီး Icon=”” ဆိုတဲ့နေရာမှာ အရင်ကအတိုင်းလုပ်ပါ။ ပုံစံ- Icon နာမည်က adobe firewall ဆိုပါစို့၊ ဒီလိုရေးပါ-Icon=”adobe firewall” ရေးပေါ့။
၅. အစိအစဉ်အရ save လုပ်ပါ၊ name ဆိုတဲ့နေရာမှာ autorun.inf လို့ရေးပြီး အဲ့ဒီ file ကို flash memoryထဲ သိမ်းဆည်းထား ရပါတယ်။ ပြီးလျှင် ခုဏက ကိုရွေးယူထားတဲ့ icon file ကိုလည်း ကော်ပီကူးပြီး flash memoryထဲကို paste ထည့်လိုက်ပါ။
နောက်ဆုံးအစီအစဉ်အရကတော့ flash memory ကို ခဏကွန်ဗျူတာမှ ခဏထုတ်လိုက်ပြီး ပြန်ထည့်ပါ။ မိတ်ဆွေရဲ့ usb ဖေါ်ဒါပုံလေးပြေင်း လဲသွားတာကို တွေ့ရပါလိမ့်မယ်။
ကျန်တဲ့ memory-card, hard driver(removable) တို့သည်လည်းဘဲ အဲ့ဒီနည်းအတိုင်းပါပဲ။ ကဲ့ဗျာ ပြီးပါပြီ။ အမြဲတမ်းပဲ အပြုံး ပန်းလေးတွေဆင်နိုင်ကြပါစေ။
စိုင်းလင်းတိုင်း
-
Software
ꨅိုဝ်ꨳမူꨲလိꨀ်ꨳ: ꨁိုင်ꨳꨁွမ်း | ပိုꨓ်ꨬꨕ: မိုင်းꨁိုဝ်းꨓꨰတ်ꨵPosts Relacionados:
Subscribe to:
Post Comments (Atom)
0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:
Post a Comment