ဗေဒင်ရေးရာ

|

ဗေဒင်ဘက်ကိုအတော်အတင့် နားလည်ကျွမ်းကျင်ထားတဲ့ ဆရာတော် တပါးနဲ့တွေ့ဆုံခဲ့ပါတယ်၊ သူနဲ့တွေ့ဆုံတဲ့အချိန်မှာ ကျွန်တော်က စကားစပြီး ဘလော့ထည်မှာ ဗေဒင်ဖက်ကိုလဲနည်းနည်း ပါးပါးပါစေချင်ကြောင်း ပြောတော့ သူက"ရတယ်၊ကိုယ်တော်ကူညီမယ်"ဆိုပြီး ဇယားလေး
နဲ့ရှမ်းဘာသာရေးထား ပေးခဲ့ပါတယ်။ ကျနော်ကမြန်မာလိုပြန်ရေးပြီးမိတ်ဆွေတို့ကိုလက် ဆောင်အဖြစ် မိတ်ဆက်ပေးလိုက်ရပါတယ်။ ယုံချင် ယုံမယုံရင်ပုံပြင်လိုမှတ် ဆိုတဲ့စကားအတိုင်း ပဲပေါ့ဗျာ။ ဘုန်းဘုန်းရေးထားပေးခဲ့တာကတော့ ဒီလိုပါ...အရင်ဆုံး ပြထားတဲ့လက်ဖ၀ါးပုံစံကိုကြည့်ပါ၊ နံပါတ်လေးတွေနဲ့ သတ်မှတ်ပေးထားပါတယ်။

ပြီးရင် အောက်ဘက်မှာ နံပါတ်အလိုက်ရှင်းလင်းချက်လေးတွေပေးထားပါတယ်။

လက်ခလယ်ဘက်တည့်တည့်ကိုညွန်းထားတဲ့ နံပါတ် ၁.၁ ကတော့ ဗေဒင်ကျမ်းအရ တိုးတက်အောင်မြင်ရေးလမ်းကျောင်းလို့ခေါ်ပါတယ်။ အဲ့ဒီအမှတ်အသား ရှိတဲ့သူတိုင်း ကြီးမားတဲ့ရာထူး သို့မဟုတ်လျှင် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ် နိုင်ပြီး ကြီးမား တဲ့ငွေလာဘ်ဝင်ရှိသည်။

လက်ညိုးဆီဖက်ကိုညွန်းတဲ့ နံပါတ် ၂.၂၊ အဲ့ဒီအမှတ်သားရှိသူတိုင်းလုပ်သမျှ အောင်မြင်တတ်သည်။

လက်သူကြွယ်ဖက်ဆီကိုညွန်းတဲ့ နံပါတ် ၃.၃ ပိုင်ရှင်တွေကတော့ စီးပွါးရေး လုပ်ငန်းကိုင်ငန်းဖက်အကြိုးပေးများသည်။

လက်သန်းဆီကိုညွန်းထားတဲ့ နံပါတ် ၄.၄ ပိုင်ရှင်တွေကမှာ စီးပွားရေးရှာရင်း နှင့် နာမည်ကျော်ကျားမည်။

နံပါတ် ၅ မှာ ခရုပုံစံပါ၊ အဲ့ဒီအမှတ်အသားပိုင်ရှင်တွေဟာ တဇွတ်ထိုးပြီးအလုပ် လုပ်တတ်သည်၊ သို့ပေမယ့် အဲ့ဒီတဇွတ်ထိုး လုပ်တတ်တဲ့ အကျင့်လေးတွေကို ပြင် နိုင်မယ်ဆိုရင် တိုးတက်ကျော်ကျားနိုင်သည်။

နံပါတ် ၆ လက်မပေါ် ခရုပုံစံပိုင်ရှင်တိုင်း အများ၏ခိုကိုးအားထားရာ လူကြီးလူ ကောင်းများဖြစ်တတ်ကြသည်။

နံပါတ် ၇ လက်သူကြွယ်ပေါ်မှာရှိသည့် ခရုပုံစံရှင်တွေမှာ ငွေဝင်ကိန်းများရှိပြီး၊ အရာရာမှာ ၀ါသနာသန်တဲ့သူတွေဖြစ်ကြသည်။

မှတ်ချက်-
အသေးစိတ်အချက်အလက်များကို ဒီထက်ပိုပြီးသိချင်လျှင် achanpol@gmail.com ကိုဆက်သွယ်လို့ရကြောင်းပါခင်ဗျား။

စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB