ဟို/ဒီဘက်ခြမ်းသို့ ငါ့၏အပြုံးပန်း

|

ဖောင့်တွေစာတွေ များလိုက်ပါဘိအထွေထွေ
ဗမာစာမဖတ်တတ်သောမိတ်ဆွေများ
ရှမ်းစာမဖတတ်သောမိတ်ဆွေများ
တစ်ခြားစာမဖတ်တတ်သူများ
စသောစသော စာတွေမဖတ်တတ်သူများကို
အပြစ်မယူလို၊ ဘာကြောင့်လဲဆို ကျွန်ုပ်ကိုယ်တိုင်က
ဘာဆိုဘာမှ တိတိကျကျမတတ်သည့်သူ၊
ဝါသနာဟူသည့် တစ်ခုသောဆန္ဒနှင့်ရယ်
ခြေလက်ကားယားကြီးနှင့် တူးမြောင်းတစ်ခုကိုခွပြီး
ရပ်နေရသည့်အလား ဟိုတစ်ဖက်ကိုပြုံးပြလျှင်
ဒီတစ်ဖက်မှာလည်းရှိနေသေး၍
မကြည့်မဖြစ် မောမောဖြင့်ပြုံးပြနေရ၊
ဖမ်းဆုပ်ကိုင်ရန်မှီစရာ ကြိုးတန်းဆောက်၍ကူမည့်သူက
အရေးထဲမှ ကြိုးကျစ်နေရင်း တန်းလန်းနှင့် အိပ်ငိုက်နေ၊
ပ၀ါမကူ လေမရှုတမ်း ကြိုးပန်းရပ်နေသူမို့
ကိုယ့်ခြေကိုယ့်ဒူး လူးလွန့်၍တုန်ခါနေ
ရေအေးတစ်ခွက်ကို ရက်ပေါင်းတန်ကြာပါမှ
ကြုံကြိုက်လို့လမ်းလျှောက်လာကြသူ
ရေအေးတစ်ခွက်တိုက်ကူနေ၍ ခုထိရှင်သန်နေရ၊
ဝါသနာနှင့်အာသာဆန္ဒကိုက ဒီမြောင်းကိုခွကာနေမှ
ပျော်နေတတ်ရသူမို့ အပြစ်ပို့လျှင်ပို့ချင်း
မိမိစိတ်ရင်းကိုပဲဖြစ်၊ တွေ့သည့်နဖူး မထူးတော့ပြီဟု
မာန်တွေတင်းကာ ဟိုဖက်ခြမ်းမှာ ငါ့အပြုံးတွေပို့ရရှာ
ဒီဘက်မှာလည်း ရော့ဟေ့ဆိုပြီး မငြီးငြူရလေအောင်
ရှင်သန်နေသေးသ၍ ဟန်ဆောင်မပါ မာယာကင်းကင်း
စာရေးခြင်းဆိုသည့် ငါ၏၀ါသနာ အနုပညာမပီပြင်ဝိုးတ၀ါးဘ၀နှင့်
ဆောင်ကာချင့်မည် အင်အားကုန်ခမ်း မောပန်နွမ်းလျ လဲကျတဲ့အထိ။

စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB