မပြီးဆုံးနိုင်တဲ့ ဒီအိမ်မက်
အပြီးသတ်ဖို့ ဆုံးဖြတ်ခဲ့တာ
အကြိမ်ကြိမ်အခါခါ။
ဒီဇာတ်လမ်းမှာ မောင်ဟာလူဆိုးမို့
အငြိုးကြီးစွာနဲ့ ဖြတ်တောက်ခံရလဲ
ကျေနပ်နေဆဲ….
ရင်ထဲက အငြိုးအတေးမထားရှိခဲ့ပါ။
ရင်နာစရာဆိုတာက
ဒီလူ့အတွက်တော့ အခုမှမဟုတ်
ငုတ်တုတ်ထိုင်ပြီး ကျန်ခဲ့ရတာ
ကြွေကျတဲ့ သစ်ရွက်လေးတွေပမာ
မြေမှာပျံ့ကြဲနေလေရဲ့။
အစကတော့ တစ်သက်လုံးပေါ့နော်
မျှော်လင့်ချက်လေးတွေတူညီခဲ့
သို့ပေမယ့်……….
အချိန်တော်တန် မုန်းကြောင်းဖန်လာခဲ့လေတော့
မောင့်ပဒုံမာရွှေကြာမျက်ဝန်း ညှိုးနွမ်းခဲ့လေပြီ။
လောကအလှ ပန်းချီကားလေးတစ်ချပ်ကို
ရေးဆွဲခဲ့တာ မင်းပါ ကောင်းကင်ရယ်။
လေအတိုက်မှာ တိမ်ထုတွေရောက်လာခိုက်
ဒီလောကရင်ပြင်တစ်ခုလုံး ဆိတ်သုံးမှောင်မိုက်သွားရအောင်
ကြံဆောင်ရက်ခဲ့လေရော့သလားကွယ် ။။
**တိုက်ဆိုင်မှုရှိခဲ့လျှင် ခွင့်လွှတ်ပါ။။။
စိုင်းလင်းတိုင်း
-
ပန်းချီကားလေးတစ်ချပ် ဆွဲခဲ့သော ကောင်းကင်
ꨅိုဝ်ꨳမူꨲလိꨀ်ꨳ: ဝွꨀ်း | ပိုꨓ်ꨬꨕ: မိုင်းꨁိုဝ်းꨓꨰတ်ꨵ
Subscribe to:
Post Comments (Atom)
0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:
Post a Comment