မခေါ် မပြောရဲ

|

မျက်စိလည်ကာ ရောက်လာခဲ့လေလား..
တမင်သက်သက်နဲ့ ၀င်ရောက်ခဲ့လေသလားကွယ်..၊
ကြည့်လိုက်တိုင်းမှာ မင်းမျက်နှာ
အိမ်မက်တိုင်းမှာ မင်းရောက်လာ
တွေးလိုက်တိုင်းမှာ မင်းအကြောင်းသာ
မောင့်နှလုံးသားမှာ မယ့်က..
နေရာအပြည့် ၀င်ယူလိုက်ခဲ့လေပြီ။

သို့ပေမယ့်လေ...
ဝင်ခဲ့ပါလို့ မယ့်ကို ဒို့
ဆွဲမခေါ်ရဲ..၊
နုံချာလှတဲ့ မောင့်ရဲ့ဘ၀ထဲ
ဆင်းရဲပင်ပန်းနေမှာစိုးမိတယ်..။

ပြန်ပါလို့လည်း
ဒို့မှာ ပြောနိုင်စွမ်းအားမရှိခဲ့
မောင့်ရဲ့ရင်ထဲမှာ
မယ့်တစ်ယောက်တည်းကိုသာ
ကြင်နာချစ်မိနေသည်မို့
ဒို့ဘ၀မှာ မယ့်သာမရှိရင်
ရှင်သန်နိုင်စွမ်းရှိလိမ့်မယ်မထင်
ကြင်နာသူမယ်ရယ်...
ဒီလိုနဲ့ပဲဒို့ တိတ်ဆိတ်စွာ နေလာခဲ့ရတယ်ကွယ်..။

တိုက်ဆိုင်မှုရှိခဲ့လျှင် ခွင့်လွှတ်ပါ။
စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB