အစမ်းသပ်ခံနှလုံးသား

|

ရာသီဥတုသည် ဒီရက်ပိုင်းမှာ အလွန်ကိုပူပြင်းလှပါသည်။ ညတုန်းက ပူလောင်အိုက်စပ်လွန်း၍ အိပ်လို့ကောင်းကောင်း မပျော်ခဲ့သည့်ကျနော် ဒီနေ့မနက် အစောကြီးထ ရေချိုးပြီး ကြက်ဥနှစ်လုံးကျော်လိုက်သည်။ အဲ့… ကြက်ဥကတော့ ကျက်သွားပြီ၊ ထမင်းချက်ဖို့ မေ့နေခဲ့လိုက်တာ၊ ငါ့နှယ်နော် သေသာသေလိုက်ချင်ရဲ့ အစဉ်အလာကို ချိုးဖေါက်ပြီး ထမင်းအရင်မချက်ဘဲနဲ့ ဟင်းအရင်ချက်လိုက်တာ အိမ်ထောင်လျက်နဲ့သာဆိုရင်တော့ မိန်းမနားရွက်ဆွဲခံရမှာ ကိန်းသေမလွဲပဲ..။ ကျနော်သည် စိတ်ကူးတစ်ခုရလိုက်သည် ဘယ်လိုလဲဆိုတော့ ကြော်ထားသည့် ကြက်ဥကိုစားပြီး ရေများများသောက်ပစ်မည်၊ ပျင်းသည် ထမင်းမချက်တော့ဘူး၊ ပြီးမှပဲ နေ့စာအတွက် ချက်ထားမယ်ပေါ့။ အဲ့ဒါနဲ့ ကြက်ဥကြော် စားပြီးလည်းပြီးရော အိမ်ချင်စိတ် ပြန်လည်နိုးဆွနေသည်၊ တစ်ချက်လောက် မှိန်းလိုက်ရလျှင် ကောင်းမလားလို့ စဉ်းစားမိခဲ့သည်။ သို့သော် အိပ်၍မဖြစ်ပါ၊ အကြောင်းက တစ်ရက်စာလောက် ခံနိုင်မည့် ဟိုတစ်နေ့က ၀ယ်ထားခဲ့သည့်ဆန် မနေ့က သူငယ်ချင်းသုံးယောက် အလည်လာ၍ ညနေစာချက်ကြွေးလိုက်တာ ကုန်သွားသောကြောင့်ဖြစ်သည်။ ဆန်ဈေးကြီးပါတယ်ဆိုမှ သူငယ်ချင်းသုံးယောက်ထဲက ၀ကြီးဆိုတဲ့ကောင် အတော်စားနိုင်သည်၊ သူငယ်ချင်းတွေမို့ ဣဿာမေစ္စရိယတော့ မဖြစ်ခဲ့ပါ၊ ကြည်ကြည်ဖြူဖြူနဲ့ပါပဲ။ လေးလုံးလောက်ချက်ထားတာ ကျနော်တို့စားလိုက်တော့ ပြောင်ထွက်သွားသည်၊ ပြောင်နေတာကိုမှ အတော့်ကိုပြောင်သည် အိုးကိုသိပ်ပြီး ပွတ်တိုက်ဆေးနေစရာ မလိုလောက်အောင်ကို ပြောင်သွားသည်။
သို့နှင့် ကျနော်သည် နေရောင်ထွက်ပြီး အတန်ကြာမှ ဆန်ဝယ်ထွက်ခဲ့သည်။ အင်း.. ထွက်လာခဲ့တုန်းကတော့ ဒီနေ့ နေအတော်ပူမည့်နေ့ပဲလို့ ထင်ခဲ့သည်။ ဒါပေမယ့် အခုချက်ချင်းဆိုသလို မိုးအုပ်လာသည်၊ အစိုးမရသည့် မြေမြို့ဆိုသည့်အတိုင်းပဲ။ ရွာမည်မထင်၍ ထီးမပြောနှင့် ဦးထုပ်တောင်မှ ပါမလာခဲ့ဘူးလေ။ စောစောတုန်းကတော့ နေသည် အသာကြီးသာနေပြီး၊ ဟော..အခုကြည့် မိုးဖွဲလေးတွေ ကျလာနေပြီ၊ စိတ်ပျက်လိုက်တာ ဆိုက်ကားငှါးလျှင်တော့ ရပါသည်။ ဒါပေမယ့်လို့ ပိုက်ဆံကို နည်းနည်းနှမျှောနေတာနဲ့ မငှါးဖြစ်ဘူး။ ဒီတိုင်းပဲ မိုးအစိုခံပြီး ခြေကျင်လျှောက်ပြန်ခဲ့သည်။ အ၀တ်လျှော်ပျင်းသည့် ကျနော်အတွက် ဒီမိုးကတော့ ပြဿနာပဲ။ ကဲလေ.. ပျင်းလည်းအကြောင်းမထူးဘူး လျှော်ရမှာ လျှော်ရမှာပါပဲ၊ လျှော်ပေးမည့်သူကိုမှ မရှာတတ်ပဲ...။ ဒီလိုနှင့် ကျနော်သည် မိုးထဲ ရေထဲလျှောက်လာရင်းနှင့် ကဗျာတစ်ဗုဒ် ကောက်ရခဲ့သည်။ ဘယ်ချစ်သူ ဘယ်ရည်းစားသမားလေးတွေက ကျကျန်ခဲ့လေတော့မသိ။ စာရွက်က ပလတ်စတစ်အိပ်အောက် ရောက်နေတော့ မိုးပေါက်တွေကြောင့် စာသားလေးတွေ မပျက်မစီးနှင့် အောင်မေလေး.. ၀မ်းသာလိုက်တာ `မိုးရယ် မိုး၊ အငြိုးနဲ့ရွာတဲ့မိုး၊ လား လား လား လာ လာ` ဟူ၍ အော်ဆိုမိနေလေခဲ့သည်။
အဲ့ဒီကဗျာလေးကတော့ ဒီအတိုင်းပါခင်ဗျား-----


အမှာ။ ။
တိုက်ဆိုင်မှုရှိခဲ့လျှင် ခွတ်လွှတ်ပါ။

**ရေးသူ၏အားသည် ဖတ်သူ၌ရှိသည်။ ။
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB