လုပ်သား၏ တောင်းဆု

|


ကျန်ရစ်ခဲ့လေသည့်
ငါ့ရဲ့ခြေရာလေးတွေ
ရွှံ့မြေထဲကိုနှစ်မြှုပ်
ခြေကုပ်စခန်းမွေးရပ်မြေ
တောင်တန်းရှည်ကြီးများနှင့်
ချစ်သောမိနှင့်ဘ
ငါ့နှမငါ့အစ်ကို
ဘယ်လိုအခြေနေရှိပ
မြင်ချင်စမ်းလှပါဘိတယ်...။
ဘ၀အာမခံချက်ရယ်မရှိသည့်
ဒီမြေ့ဒီလောကကမ္ဘာမှာ
ရောက်လေရာရာတိုင်းတစ်ပါး
ကွဲပြားခြားနားမှုတွေနဲ့
အနှိမ်ခံခြင်းဆိုတဲ့ဒဏ်အောက်မှာ
ဘ၀၀မ်းစာရှာဖွေသိုမှီးရင်း
အနာဂါတ်အလင်းသန်းတစ်ခုကို
သိုသိပ်စွာရင်မှာမျှော်လင့်လျက်
ပင့်သက်ရှည်စွာနဲ့မရဲတရဲ
ဖြစ်တောင့်ဖြစ်ခဲမဟုတ်ရပါစေနဲ့ရယ်လို့သာ
ဆုတောင်းရင်း...။

အမှာ။။
အလုပ်သမားများ၏ မျှော်လင့်ချက် ၀မ်းစာအတွက်မပူမပင် သူဌေးသူကြွယ်ရှင်ကြီးဆိုသည့် မျှော်လင့်ခြင်းများကို ရည်သန်လျက်...။

စိုင်းလင်းတိုင်း
-

0 ꨁဝ်လꨤတ်ꨳဝꨣꨳꨓꨯ:

 

©2009 မိုင်းꨁိုဝ်းꨓꨰတ်ꨵ | Template Blue by TNB